ကော့မှူး ဇူလိုင် ၂
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ထမ္မနိုင်ကျေးရွာအနီးရှိ ထမ္မနိုင်-ကိုးထောင်-မျက်ဆံနီလမ်း (၀/၀မိုင်မှ၁/၂.၇၃မိုင်) အတွင်း၌စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော် ဒေဝကဌာနဆိုင်ရာများအား ပျိုးပင်များပေးအပ်ခဲ့သည်။ ဆက်လက်၍ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်၍ ထမ္မနိုင်-ကိုးထောင် မျက်ဆံနီလမ်းတစ်လျှောက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက စိန်ပန်း၊ မန်ဂျန်ရှားစုစုပေါင်းအပင်(၅၀၀)အားတစ်ပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။
ကျော်သူရ (ကော့မှူး)