သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ ကျေးလက်စာကြည့်တိုက် တိုးချဲ့ပြင်ဆင်နိုင်ရေး ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂

သန်လျင်ခရိုင် သန်လျင်မြို့နယ်လက်ယက်စမ်းကျေးရွာတွင် ဖွင့်လှစ်ထားရှိသော လင်းရောင်ခြည်ကျေးလက်စာကြည့်တိုက် တိုးချဲ့ပြင်ဆင်နိုင်ရေးအတွက် ယနေ့နံနက်တွင် သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ယင်းသို့စစ်ဆေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးဦးခင်မြင့်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်လျက်ရှိသော စာငှားစာဖတ်မှုအခြေအနေ၊ အဆောက်အဦတိုးချဲ့ပြင်ဆင်နိုင်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီးမှ ထောက်ပံ့သော ငွေကျပ် သိန်း(၅၀)နှင့် ကျေးရွာပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ပြင်ဆင်ဆောက်လုပ်နိုင်ရေးဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်ပြန်/ဆက်)