ပေါင်းတည် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးရေးအတွက် တောင်သူများအား စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်များကို မေလ ၂၈ရက်က စတင်ထုတ်ချေးပေးခဲ့ကြောင်း၊ ယနေ့အထိ ကျေးရွာအုပ်စု ၁၁ အုပ်စုရှိ တောင်သူ ၁၃၉၈ ဦး၏ စိုက်ပျိုးမြေ ၈၁၁၆ ဧကတွင် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရန် ငွေကျပ် ၁၂၁၇၄ သိန်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ သက်သာသောအတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်းနှင့် မိုးစပါးစိုက်တောင်သူများအတွက် ကျေးရွာအုပ်စုအလိုက် ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(ပေါင်းတည်)မှ သိရသည်။
ရွှေသား(ပြန်/ဆက်)