မုံရွာ ဇူလိုင် ၂
(၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အမှုဆောင်များ၊ စုစုပေါင်း (၁၀၀) ဦးခန့်နှင့်အတူ သတ်မှတ်နေရာအသီးသီးတွင် သရက်၊ မန်ကျည်း၊ ပိန္နဲ၊ ခရေ၊ ကံ့ကော်၊ ဗန်ဒါပျိုးပင် (၆) မျိုးပါဝင်သော အပင်စုစုပေါင်း (၇၀) ခန့်ကို ၂၀၂၄ခုနှစ်၊ (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)