ငပုတော ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံးဝန်းအတွင်း ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဝင်းထွန်းနိုင်တို့က မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းဝင်အဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၁၅၅) ခန့်တို့က ပျဉ်းဂတိုး (၅၀) ပင်၊ မန်ဂျန်ရှား (၁၀၀)ပင်၊ ခရေ (၁၀၀)ပင်၊ ယမနေ (၁၀၀) ပင်၊ မန်ဂျန်းရှား (၁၀၀) စုစုပေါင်း ပျိုးပင် (၄၅၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)