(၂၅)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား(ပထမအကြိမ်)ထောက်ပံ့ငွေပေးအပ်

(၂၅)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား (ပထမအကြိမ်) ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ကျွေးမွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း မြို့တွင်ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဒါနကျွေးမွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် အ.လ. က (၇)ကျောင်းတွင် အမျိုးသမီးရေးရာအကြောင်း သိကောင်းစရာဟောပြောပွဲ ဆောင်ရွက်

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးရေးရာအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အ.လ.က(၇)ကျောင်းတွင်ဆောင်ရွက်ခဲ့သည်။

သဲကုန်း​မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကူးစက်ရောဂါကင်းဝေးစေရန် ရည်ရွယ်၍ သဲကုန်းမြို့နယ် မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအုတ်ရိုက်နည်းသင်တန်း ဖွင့်လှစ်ပို့ချ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအုတ်ရိုက်နည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက စစ်ကိုင်းမြို့နှစ်(၇၀၀)ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးယူရန်လာ‌ရောက်ကြသည့် မလွန်‌ကျေးရွာအုပ်စုမှ တောင်သူများအား ပညာ‌ပေးဆောင်ရွက်ခဲ့သည်။

အခွန်ပညာပေးရှင်းလင်းပွဲ သုံးခွမြို့၌ ကျင်းပ

နိုင်ငံတော်အစိုးရ၏ ရသင့်ရထိုက်သော အခွန်ငွေများကို လွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်းမြင်သာစွာ ရောက်ရှိနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးမြေပဲလျာထားဧက ၇၀၀၀ ကျော်အနက် ဧက ၃၅၀၀ ကျော်စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးမြေပဲလျာထားဧက ၇၀၀၀ ကျော်အနက် ဧက ၃၅၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to