မြောက်ဥက္ကလာပမြို့နယ် အ.လ. က (၇)ကျောင်းတွင် အမျိုးသမီးရေးရာအကြောင်း သိကောင်းစရာဟောပြောပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ  ဇူလိုင် ၃

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးရေးရာအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အ.လ.က()ကျောင်းတွင်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.လ.က()ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှော်(န်)ဂိပ်ဆုန်က အမျိုးသမီးများ သိထားသင့်သည့် အမျိုးသမီးရေးရာအကြောင်းများကို ဆွေးနွေးပြောကြားခြင်း၊ အတွင်းရေးမှူး ဒေါ်မီမီခင်က အမျိုးသမီးရေးရာအဖွဲ့ချုပ်ကြီး၏ လုပ်ငန်းစဥ်()ရပ်အကြောင်းကို ပြောကြားခြင်းနှင့် အမျိုးသမီးများ အကြမ်းဖက်မှုမဖြစ်ပွာစေရေး အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးမြသန်းက လက်ရှိကြက်ခြေနီအသင်း၏ ဆောင်ရွက်ချက်များ၊ ကျောင်းများတွင် အခြေခံကြက်ခြေနီသင်တန်းများကို  ဖွင့်လှစ်ဆောင်ရွက်သွားမည့်အကြောင်း ပြောကြားခဲ့ပြီး ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ()ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)