ဖျာပုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ် လူငယ်ဘောလုံးသမားများဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။