ဆင်ပေါင်ဝဲ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လိုက်လံဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်း ဦးဆောင်သော ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် သာယာမိုးကွက်သစ်အတွင်းရှိ ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်တို့ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်၊ သတိပြုရှောင်ရှားသင့်သည့် အပြုမှုများကို သိရှိစေရန် အသိပညာပေးချက်များအား လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ရပ်ကွက်/ကျေးရွာနေ ပြည်သူများ သိရှိစေရန် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း