(၂၅)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား(ပထမအကြိမ်)ထောက်ပံ့ငွေပေးအပ်

ပုသိမ် ဇူလိုင် ၃

(၂၅)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား (ပထမအကြိမ်) ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးစိုးပိုင်က ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား (ပထမအကြိမ်) ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)က (၂၅)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် ထောက်ပံ့ငွေသိန်းနှယ်ဆယ်ကျပ်အားလည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကဗျာလွတ်အကတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများအတွက် ထောက်ပံ့ငွေလေးသိန်းကျပ်အားလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်များက လက်ခံရယူခဲ့သည်။

(၂၅)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား (ပထမအကြိမ်) ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)နှင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)