မင်းဘူး(စကု)မြို့နယ်၌ ရေးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မင်းဘူး(စကု)မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့ပေါ်ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။