ဇီးကုန်းမြို့တွင် နတ်တလင်းခရိုင်အဆင့် ထုပ်ဆီးတိုးပြိုင်ပွဲ လူရွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ထုပ်ဆီးတိုးပြိုင်ပွဲ လူရွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့၌ မိုးကောင်းချောင်းရေ (၇၀၃)စင်တီမီတာတွင် ရောက်ရှိနေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ရင်းချောင်းရေ (၇၀၃)စင်တီမီတာတွင် ရောက်ရှိနေပြီး နန့်‌ကောင်းချောင်းရေအမှတ် (၆၆၉)စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယနေ့နေ့လယ်(၁)နာရီ တိုင်းထွာချက်အရ သိရသည်။

ဘားအံ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် (၅၉၀၀) သန်းဖြင့် Hyper Market (အဆင့်မြင့်ဈေး) တည်ဆောက်

ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် (၅၉၀၀) သန်းဖြင့် ဆိုင်ခန်းပေါင်း (၁၆၄) ခန်းပါဝင်သည့် Hyper Market( အဆင့်မြင့်ဈေး)ကို တည်ဆောက်သွားမည် ဖြစ်ရာ ယနေ့နံနက် (၈) နာရီက ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွှေယဉ်မြော်ဘုရားအနီးရှိ အဆိုပါဈေးသစ်တည်ဆောက်မည့်မြေနေရာ၌ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ကျင်းပသည်။

ပင်လောင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 အောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

စေတုတ္တရာမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရှာဖွေကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မီးသတ်ဦးစီးဌာနက မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်များနှင့် မြေပြိုကျမှုအန္တရာယ်များ၊ သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ချက်ချင်းကူညီတုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ကာတပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေး လိုက်လံခတ်ပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများခတ်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီတွင် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာနရုံး၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့ အ.မ.က (ရှမ်းကုန်းပိုင်း)ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (ရှမ်းကုန်းပိုင်း)ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင် ပြပွဲများကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရွှေဘိုခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့နံနက် ၁၀ နာရီချိန်က ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက အမြန်ဆုံးတုံ့ပြန် ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်း လုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများကို ဇူလိုင်လ (၃) ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်က အမှတ် (၁) ရပ်ကွက်ရှိ ဆိပ်ကမ်းသာတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to