ဇီးကုန်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ထုပ်ဆီးတိုးပြိုင်ပွဲ လူရွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နတ်တလင်းခရိုင်အဆင့် ထုပ်ဆီးတိုးပြိုင်ပွဲ လူရွေးပွဲသို့ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
လူရွေးပွဲတွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြို့နယ်မှ ထုပ်ဆီးတိုးပြိုင်ပွဲအသင်းများက ယှဉ်ပြိုင်ကစားကြပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများမှ ရွေးချယ်ခဲ့ကြသည်။ အဆိုပါ ရွေးချယ်ထားသောအဖွဲ့မှ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)