ပင်လောင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ပင်လောင်း ဇူလိုင် ၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 အောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးတင်ငွေက အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်ဦးစိုင်းနော်ခမ်းက ကျောင်းနှင့်ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်‌မှုဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းပိုခမ်း ကျောင်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ပညာရည်ချွန်ဆုပေးအပ်ရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade -12 ဖြေဆိုအောင်မြင်သော ကျောင်းသား/ကျောင်းသူများ၊ Grade -12 ကို ထူးချွန်စွာအောင်မြင်‌အောင် သင်ကြားပေးသည့် ဆရာ/ဆရာမများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အားမှန်သွင်းဆုနှင့်ကျောင်းတက်မှန်ဆုရရှိသည့် ရုံးဝန်ထမ်းများ/ဆရာမများ၊ ကျောင်းဖွံ့ဖြိုးရေးနှင့် ပရိဘောဂများလှူဒါန်းပေးသည့် အလှူရှင်များအား မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ဆုများနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်