ပွင့်ဖြူမြို့မဈေးတွင် သား/ငါးရောင်းချသည့် ဈေးသည်များ လုပ်ငန်းလိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချရေး ပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကမြို့မစည်ပင်သာယာဈေး၌ သား/ငါးရောင်းချသည့် ဈေးသည်များ သတ်မှတ်လုပ်ငန်းလိုင်စင် စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေးရောင်းချရေးနှင့် ဈေးဆိုင်ဝန်းကျင်သန့်ရှင်းရေး အလေးထားဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့မဈေးခေါင်းရုံး၌ သား/ငါး ရောင်းချသည့်ဈေးသည်များကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အသက်(၁၈)နှစ်နှင့်အထက် (စတုတ္ထအကြိမ်) စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် စတုတ္ထအကြိမ်မူကြမ်း စာရင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာဖြင့် စာရင်းများ ထည့်သွင်းခြင်းလုပ်ငန်းများ မှားယွင်းမှုမရှိစေရေး၊ တိကျမှန်ကန်စေရေးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ ဝန်ထမ်းများ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စဉ့်ကိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်နွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်းပြီး ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။

ကျိုက်မရောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ပျိုးရန်ကျန်ရှိနေသော ကျေးရွာများမှတောင်သူ(၃၀)ဦးအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့၌ သရက်-အောင်လံ မော်တော်ဆိပ်ကမ်းရှိ ရေယာဉ်များပေါ်တွင် အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်ကြရန် အသိပညာပေးလုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သရက်-အောင်လံ မော်တော်ဆိပ်ကမ်းရှိ ရေယာဉ်များအပေါ်တွင် အသက်ကယ်အင်္ကျီစနစ်တကျဝတ်ဆင်ခြင်း အသိပညာပေး ဆောင်ရွက်နေမှုကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်းနောင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ညောင်တုန်းမြို့နယ်၌ ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆားမလောက်ကျေးရွာရှိ သုခမင်္ဂလာဈေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်၊ သန်းခေါင်စာရင်းကော်မတီမှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက မိုးနံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရာ ကျေးရွာပြည်သူ (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တာလေမြို့ စည်ပင်သာယာရေးဌာနခွဲရုံးတွင် မိုးရေချိန်တိုင်း ကိရိယာတပ်ဆင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့စည်ပင်သာယာ‌ရေးဌာနခွဲရုံးတွင် ယနေ့နံနက် ၉ နာရီက မိုးရေချိန်တိုင်းကိရိယာ တပ်ဆင်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈) နာရီအချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြင်းမူးကျေးရွာ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် တည်ဆောက်ဖွင့်လှစ်နိုင်ရန်မြေနေရာအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to