မြောင်းမြမြို့ အ.မ.က (ရှမ်းကုန်းပိုင်း)ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများပြုလုပ်

မြောင်းမြ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (ရှမ်းကုန်းပိုင်း)ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင် ပြပွဲများကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် “ သာသနာ့အလံဖြစ်ပေါ်လာပုံ အကြောင်း သိကောင်းစရာ”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်သန်းသန်းအေးမှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့သည်။      

အဆိုပါဟောပြောပွဲတွင် ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန် အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)