ရွှေဘိုခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

​ရွှေဘို ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့နံနက် ၁၀ နာရီချိန်က ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ​ရွှေဘိုခရိုင် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှ လျော့နည်းစေရန်အတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ဆောင်ချက်များ၊ ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များအား စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် အစိုးရဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အောင်မြင်စွာဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌများမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်း​ကော်မတီများက၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ​ဆွေး​နွေးတင်ပြကြရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အ​​ထွေ​ထွေအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို  ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)