ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများမှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားပေးလမ်းညွှန်ပြုနိုင်စေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် ကျောင်းသား၊ကျောင်းသူများတို့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။