ရေတာရှည်မြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ကာကွယ်ဆေးများတိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအိမ်ယာ၌ ယမန်နေ့ ညနေ ၆ နာရီအချိန်က ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံစာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ကျူတော)နှင့် (မြို့သစ်)ကျောင်းတို့တွင် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိကျောင်းသား/သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း‌ဝေးစေရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့နံနက်(၁၀)နာရီအချိန်က ရန်ကွန်ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ မြန်မာအမျိုးသမီးများအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အခြေခံမူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ညနေ (၃)နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာမြို့၊ (၃)ဘဝသစ်ကျေးရွာ၊ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်းအတွင်း ဒီရေတောသစ်ပင် ဧက(၂၀) စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ (၃)ဘဝသစ်ကျေးရွာရှိ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်းအတွင်း ဒီရေတောသစ်ပင်ဧက(၂၀) စိုက်ပျိုးပွဲအခမ်းအနားကို (၃)ဘဝသစ်ကျေးရွာ၊ ဗဟိုစည်ကျောင်းတိုက်အတွင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးနည်းပညာတက္ကသိုလ်(အေးသာယာ)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကသာမြို့တွင် ဧရာဝတီမြစ်ရေအခြေအနေ အရေးပေါ်အသိပေးကြေညာခြင်း ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေ အရေးပေါ်အသိပညာပေးကြေညာခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငရုတ်စိုသီးနှံ ၅၆၁ ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငရုတ်စိုသီးနှံစိုက်ဧက ၅၆၁ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေး

ချမ်းမြသာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းဦးဆောင်သည့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုဇယားများကို ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဓမ္မာရုံတွင် ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် Book-Club အသင်းဝင်များ စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community-Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် Book-Club အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to