ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်  ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိကျောင်းသား/သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း‌ဝေးစေရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့နံနက်(၁၀)နာရီအချိန်က ရန်ကွန်ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်နုနုလွင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျန့်မန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင်ပတ်သက်၍လည်းကောင်း၊ သိပ္ပံပညာရှင်၊ သိပ္ပံစာရေးဆရာပါမောက္ခကိုကိုအောင်က Vehicle Safety to Road Safetyနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအခမ်းအနားသို့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာနုနုလွင်နှင့် တွဲဖက်ပါမောက္ခများ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျန့်မန်၊ သိပ္ပံပညာရှင် သိပ္ပံစာရေးဆရာပါမောက္ခကိုကိုအောင်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ကြကြောင်း သိရသည်။

  နေမျိုးထွန်း(ပြန်/ဆက်)