ကသာ ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေ အရေးပေါ်အသိပညာပေးကြေညာခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ယနေ့နံနက် (၆)နာရီခွဲအချိန် ခန့်မှန်းထုတ်ပြန်ပေးသည့် ဧရာဝတီမြစ်ရေသည် (၁၀၆၅)စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေအမှတ် (၁၀၄၀) စင်တီမီတာအထက်သို့ ရောက်ရှိနေသောကြောင့် မြစ်ကမ်းနားအနီးနှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုကြရန် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီသတင်းထုတ်ပြန်ရေးအဖွဲ့က မြို့အတွင်း လှည့်လည်ကြေညာပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေကြီးခြင်းအခြေအနေသတင်းထုတ်ပြန်ကြေညာခြင်းကို ကသာခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကသာမြို့ရပ်ကွက်များအတွင်း လှည့်လည်အသိပေးကြေညာခဲ့ကြကြောင်း သိရပါသည်။
ကျော်စွာထွန်း (ကသာ)