ချမ်းမြသာစည် ဇူလိုင် ၄
ချမ်းမြသာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းဦးဆောင်သည့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုဇယားများကို ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် ၀န်ထမ်းများက ရပ်ကွက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ပြည်သူများနှင့် အိမ်ထောင်စုဇယားမရှိသည့် အိမ်ထောင်စုများအတွက် ကွင်းဆင်းဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့