ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ မြန်မာအမျိုးသမီးများအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အခြေခံမူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ညနေ ()နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းပေးမှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများအခန်းကဏ္ဍအရေးပါပုံများကို အသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သင်းသင်းမွန်က အမျိုးသားများနည်းတူ အမျိုးသမီးများအား တန်းတူအခွင့်အရေးရရှိစေရေးနှင့် အမျိုးသမီးများအခန်းကဏ္ဍများ ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့်  ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက မြို့နယ်ရုံးမှ ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း