ရေတာရှည်မြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ကာကွယ်ဆေးများတိုက်ကျွေး

ရေတာရှည် ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအိမ်ယာ၌ ယမန်နေ့ ညနေ ၆ နာရီအချိန်က  ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်အမျိုးသမီးသမီးရေးရာအဖွဲ့ ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ကျွေးကြသည်။

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို အသက်(၂)နှစ်မှ (၅)နှစ်ထိ ကလေးငယ်များကို  သန်ချဆေးတစ်ပြားနှင့် ဆင်ခြေထောက်ရောဂါ ဆေးပြား(၁)ပြား စုစုပေါင်း(၂)ပြား၊ အသက်‌(၆)နှစ်မှ (၁၄)နှစ်ရှိသူများကို သန်ချဆေးတစ်ပြားနှင့် ဆင်ခြေထောက်ရောဂါဆေးပြား(၂) စုစုပေါင်း(၃)ပြား၊ အသက်(၁၅)နှစ်ထက်ရှိသူများကို သန်ချဆေးတစ်ပြားနှင့် ဆင်ခြေထောက်ရောဂါ ဆေးပြား(၃) စုစုပေါင်း (၄)ပြားတိုက်ကျွေးကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ အခြားရောဂါလက္ခဏာ ခံစားနေသူမှအပ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအားလုံး ဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါမှ ကင်းဝေးရေးအတွက် ရည်မှန်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)