ပန်းတောင်းမြို့နယ်၌ တစ်ရွာ (၂) ဧကစိုက်ခင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် တစ်ရွာ ၂ ဧက စိုက်ခင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က ဒေါင်းမြတ်နားကျေးရွာနှင့် စွယ်တော်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။

ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.က (ခွဲ) ဝါးဇွမ်းအုပ်ကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဆောင်ရွက်

ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုး တက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.က(ခွဲ)ဝါးဇွမ်းအုပ်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား/စက်ပစ္စည်းများ စုဖွဲ့ဆောင်ရွက်ထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မိုရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ရေကြီး၊  ရေလျှံမှုအန္တရယ်များနှင့်သဘာ၀ဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ချက်ချင်း ကူညီဖြေရှင်းနိုင်ရေးအတွက်  သဘာ၀ဘေးအန္တရာယ်လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကာ တပ်ဖွဲ့၀င်များကို အသင့်စုဖွဲ့ထားရှိပြီဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် အစေ့ထုတ်ပြောင်း ၉၅၆၅ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ စေ့ထုတ်ပြောင်းစိုက်ပျိုးရန် ၁၄၉၉၅ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၉၅၆၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ​မန်နေ့ ​နံနက်(၁ဝ) နာရီက စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ကြို့ကုန်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းခြင်း‌ ဆောင်ရွက်နေမှုအား ယနေ့ နေလည်ပိုင်းက‌ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ စက်မှုလယ်ယာဦစီးဌာနက ကောက်စိုက်စက်များအသုံးပြု၍ စပါးစိုက်ပျိုးတတ်စေရန် စိုက်ခင်းအတွင်းလက်တွေ့သင်ကြားပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်များအသုံးပြုကာ စပါးစိုက်ပျိုးတတ်စေရန် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက တောင်သူများအား စိုက်ခင်းအတွင်း လက်တွေ့ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်နှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကြုံတွေ့လာနိုင်မည့် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကျေးရွာနေပြည်သူများကို သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ သီးနှံမျိုးစုံစိုက်ပျိုးချိန် ရေဝပ်နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေး ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများကို ရင်းနှီးကျွမ်းဝင်ပြီး တွင်ကျယ်စွာ အသုံးလာစေရေးနှင့် လယ်ယာမြေများ၌ သီးနှံမျိုးစုံစိုက်ပျိုးချိန်တွင် ရေကြီး/ရေဝပ် နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးအတွက် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက်၊ ကွင်းအမှတ် ၁၃၁၈ တောင်သူ ဒေါ်မြင့်မြင့်၏ ယာမြေ ၄ ဧကအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to