ပေါင်းတည် ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်များအသုံးပြုကာ စပါးစိုက်ပျိုးတတ်စေရန် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက တောင်သူများအား စိုက်ခင်းအတွင်း လက်တွေ့ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်ကြားပြသပေးခြင်းကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက ဦးဆောင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေါင်းတည်မြို့နယ်တွင် မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး၊ တောင်သူများလူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာနိုင်စေရေးအတွက် ရည်ရွယ်၍ ခေတ်မီစိုက်နည်းစနစ်များကို ကွင်းဆင်း၍ လက်တွေ့သင်ကြားပြသပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သင်ကြားပြသပေးရာ၌ ၆ တန်းသွား၊ ၄ တန်းသွား ကောက်စိုက်စက်ကြီးနှင့် လက်ဆွဲကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးနည်းများကို စိုက်ခင်းများအတွင်း ကွင်းဆင်းကာ တောင်သူများအား လက်တွေ့သင်ကြားပြသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)