ကျွန်းလှ ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ စေ့ထုတ်ပြောင်းစိုက်ပျိုးရန် ၁၄၉၉၅ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၉၅၆၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဒီနှစ်အစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ဧက ၁၄၀၀၀ ကျော်လျာထားပြီး ဇွန်လကုန်အထိ ဧက ၉၅၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပြောင်းစိုက်ခင်းများ ဖောငမြောင်တောင်ပိုး ကျရောက်မှုကာကွယ်ရေးအတွက် ဘက်စုံသီးနှံကာကွယ်ရေးစနစ်များဖြစ်သည့် တမာပိုးသတ်ဆေး၊ ဂျင်းငရုတ်ပိုးနှင်ဆေးနှင့် ပိုးသတ်ဆေးတစ်လှည်စီ အသုံးပြုနှိမ်နင်းကျရန်လိုပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းကို မိုးရာသီ၌ အဓိကထားစိုက်ပျိုးကြကြောင်း၊ ယာမြေ ဧက ၄၈၀၀၀ ကျော်ရှိပြီး ယခုနှစ် မိုးအစေ့ထုတ်ပြောင်း ၁၄၉၉၅ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)