ကျိုင်းတောင်းမြို့ အ.လ.က (ဝိန်းကောင်)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောက်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် အ.လ.က (ဝိန်းကောင်) ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားလူငယ်များကို ကျောင်းစာများအပြင် အကြားအမြင် ဗဟုသုတများတိုးပွာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။