ပလောက် ဇူလိုင် ၅
ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုး တက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.က(ခွဲ)ဝါးဇွမ်းအုပ်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်မိနုထွေးက အ.လ.က (ခွဲ) ဝါးဇွမ်းအုပ်ကျောင်းဆရာမများနှင့် ကျောင်းသား/ကျောင်းသူကလေးများအား စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအား ပြောကြားခဲ့ပြီး တစ်ကိုယ်ရေ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)