စမ်းချောင်း ဇူလှိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်(၁ဝ) နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အသင်းမှ အဖွဲ့ဝင် ဦးမြင့်ကြိုင်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်မှုနှင့်စိတ်ခွန်အား” စာအုပ်ထဲမှ "ဘ၀တစ်ခု၏ စိတ်ခွန်အား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းဝေက "စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်" အစရှိသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက ၄င်းစာအုပ်ပါ အကြောင်းအရာမျာနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)