စမ်းချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား/စက်ပစ္စည်းများ စုဖွဲ့ဆောင်ရွက်ထားရှိ

စမ်းချောင်း ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မိုရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ရေကြီး၊  ရေလျှံမှုအန္တရယ်များနှင့်သဘာ၀ဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ချက်ချင်း ကူညီဖြေရှင်းနိုင်ရေးအတွက်  သဘာ၀ဘေးအန္တရာယ်လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကာ တပ်ဖွဲ့၀င်များကို အသင့်စုဖွဲ့ထားရှိပြီဖြစ်ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နှစ်စဉ် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော သဘာ၀ဘေးအန္တရယ်များနှင့်ပတ်သတ်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း၊ ဘေးအန္တရာယ်ကျရောက်ပါက အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုမရှိစေရေးအတွက် အသင့်စုဖွဲ့ထားရှိသော တပ်ဖွဲ့၀င်များက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြူသွယ်ထွန်း ( ပြန်/ဆက်)