ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပညာရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၄၆၇၅၇ ဧက လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်နွေစပါးသီးနှံ ရိတ်သိမ်းခြွေလှေ့ပြီးချိန်တွင် မိုးစပါးသီးနှံကို စတင်စိုက်ပျိုးခဲ့ရာ ယခုနှစ်မိုးရာသီ၌ မိုးစပါး ၄၆၇၅၇ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇလွန်မြို့နယ်တွင် သဘာဝဘေး(ရေဘေး)အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူများ သဘာဝဘေး (ရေဘေး)အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် သဘာဝဘေး(ရေဘေး) အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းအတွက် စိုက်ပျိုး မွေးမြူရေး၊ သမဝါယမနှင့် ကုန်ထုတ်လုပ်မှုစီမံကိန်း လုပ်ငန်းပေါင်း (၁၆၀) ယူနစ်ကျော်အတွက် မတည်ငွေကျပ်သန်း (၇၀၀၀) ကျော် ထုတ်ချေးထားနိုင်ခဲ့ပြီဖြစ်

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၈) ဘီလီယံကို ရင်းနှီးမတည် ပေးခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေပထမနှစ်စက်ဝန်းကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီး ယခုနှစ်အတွက် ရန်ပုံငွေဒုတိယနှစ်စက်ဝန်းတွင် လုပ်ငန်းစီမံကိန်းယူနစ်ပေါင်း (၁၆၀) အတွက် ငွေကျပ် သန်းပေါင်း (၇၀၀၀) ကျော်ဖြင့် ထပ်မံမတည်လည်ပတ်လျက်ရှိကြောင်း ဇူလိုင်လ (၃) ရက် ညနေ (၃) နာရီက ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

ကြံခင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခေတ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေပန်းတောအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဆည်တက္ကသိုလ်၌ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အမှတ်(၂) တက္ကသိုလ် လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့‌မွန်းလွဲ ၁ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနီနီယဉ်နှင့် ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ နည်းပြ/သရုပ်ပြ ဆရာ/မများ၊ အမှတ်(၂)တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ တပ်မှူးဗိုလ်ကြီး ဟန်ဝင်းဇင်၊ တပ်ဖွဲ့ဝင်အရာရှိ ဗိုလ်ကြီးတင့်ဝေနှင့် တာဝန်ရှိသူများ၊ နေ့သင်တန်း ကျောင်းသား/သူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ပထမအကြိမ် ရွှေအင်ကြင်း ဓမ္မကထိကသင်တန်းကြီး ဖွင့်လှစ်သင်ကြားလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နိုင်ငံကျော်ဓမ္မကထိက ရှင်ဥတ္တမကျော်၏ တပည့်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ သာသနာ့ဝုမိကရဓမ္မကထိက သာသနာပြုနယ်လှည့် ဓမ္မကထိကမှ သင်တန်းပို့ချပြီး၊ ရွှေဝါဝင်းဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်အရှင်ဝိန္ဒာစာရ ဦးဆောင်ကာ၊တာဝန်ခံဆရာတော်များဖြင့် စုပေါင်းဖွင့်လှစ်သော ပထမအကြိမ် ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီးကို ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေဝါဝင်းဓမ္မရိပ်သာကျောင်းတွင် ဇွန်လ (၃၀) ရက်နေ့မှ ဇူလိုင်လ (၆) ရက်နေ့ထိ (၇) ရက်တာ သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆယ်ရေးသုံးပစ္စည်းများ စုဖွဲ့ထားရှိခြင်းနှင့် ရေယာဉ်များကြံ့ခိုင်မှု စစ်ဆေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုကော်မတီက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးသုံးပစ္စည်းများ စုဖွဲ့ထားရှိခြင်းနှင့် ရေယာဉ်များကြံ့ခိုင်မှု စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to