အင်္ဂပူ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းခြင်း ဆောင်ရွက်နေမှုအား ယနေ့ နေလည်ပိုင်းက အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြို့ကုန်းကျေးရွာရှိ တောင်သူ ဦးရာဇာအောင်၏ ကွင်းအမှတ်၇၅၉ (မဲဇလီတောင်)၊ ဦးပိုင်အမှတ် ၁၁၅-ရှိ ဧရိယာ (၂)ဧကတွင် ပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရ ပိုမိုကောင်းမွန်စေကြောင်း၊ သီးနှံများအထွက်နှုန်း တိုးစေကြောင်းနှင့် ကုန်ကျစရိတ် နည်းစေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံထည့်သွင်းခြင်း ဆောင်ရွက်နေမှုကို ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)