တံတားဦးမြို့နယ် သင်ပန်းကျေးရွာနှင့် ခေါင်းကွဲကျေးရွာတို့တွင် စားဖိုချောင်သီးနှံ စိုက်ပျိုး
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သင်ပန်းကျေးရွာနှင့် ခေါင်းကွဲကျေးရွာတို့တွင် ကျေးလက်ဒေသများ၌ တောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံဝင်ငွေရရှိသည့် စားဖိုချောင်သီးနှံစုံစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြရာ စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် စားဖိုချောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာ တောင်သူ ဦးမျိုးတင့် ထံမှသိရသည်။