မော်လမြိုင်ကျွန်း မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေယာဥ်များအား ယနေ့နံနက်ပိုင်းက တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမည် MV အောင်ရတနာသန်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ထွေး၊ မြို့နယ်အခွန်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦး၊ ရေယာဥ်စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်တို့က မော်လမြိုင်ကျွန်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ထွက်ခွာမည်ဖြစ်သော MV အောင်ရတနာသန်း ရေယာဥ်တွင် မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်များမှ နှံကားဆန် (၂၄၀၀) အိတ်၊ ရက် (၉၀) ဆန် (၁၀၀) အိတ်၊ စုစုပေါင်း (၂၅၀၀) အိတ်တို့အား စနစ်တကျတင်ဆောင်ထားရှိပြီး တရားမဝင်သောပစ္စည်းများတင်ထားခြင်းရှိ/ မရှိ၊ ရေယာဥ်လိုင်စင်များဆောင်ထားခြင်းရှိ/ မရှိ၊ ရေယာဥ်လုပ်သားများ နိုင်ငံသားမှတ်ပုံတင်များ ကိုင်ဆောင်ထားခြင်း ရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ၎င်းရေယာဥ်မှ တာဝန်ခံများအား မှာကြားခဲ့ကြောင်းသိရသည်။
ရဲကိုမောင်