တံတားဦး မတ် ၂၀
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သင်ပန်းကျေးရွာနှင့် ခေါင်းကွဲကျေးရွာတို့တွင် ကျေးလက်ဒေသများ၌ တောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံဝင်ငွေရရှိသည့် စားဖိုချောင်သီးနှံစုံစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြရာ စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် စားဖိုချောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာ တောင်သူ ဦးမျိုးတင့် ထံမှသိရသည်။
သင်ပန်းကျေးရွာနှင့် ခေါင်းကွဲကျေးရွာ တောင်သူများသည် မြေအောက်ရေကို စနစ်တကျ အကျိုးရှိစွာအသုံးချပြီး နေ့စဉ်ဝင်ငွေရှိသည့် စားသုံးဆောင် ဟင်းသီးဟင်းရွက် သီးနှံများဖြစ်သည့် ခရမ်းချဉ်၊ ခရမ်း၊ မုံလာဥဖြူ၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ဆလပ်၊ မုံညှင်း၊ ငရုတ်၊ ကန်စွန်းရွက် စသည့် သီးနှံများကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့ကျေးရွာမှာ အဆိုပါမှးဖိုချေိာင်သီးနှံပင်များကို ကျေးရွာတောင်သူများက အများအပြား စိုက်ပျိုးကြကြောင်း၊ ဟင်းစားပင်များစိုက်ပျိုးရာတွင် မြေဆီမြေဩဇာကြွယ်ဝစေရန် နွားချေးနှင့် မြေဆွေးများထည့်ပေးရကြောင်းနှင့် အအေးကြိုက်သော သီးနှံအမျိုးအစားဖြစ်၍ ဆောင်းရာသီတွင် ပိုမိုစိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းကြောင်း၊ ဒါ့အပြင် မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးရေးလုပ်ငန်းကို တွဲဖက်လုပ်စိုက်ပျိုးကြပါတယ်ဟု “ ဟု စားဖိုဆောင်သီးနှံ စိုက်ပျိုးသူတစ်ဦးထံမှသိရသည်။
ရဲတင့်(ပြန်/ဆက်)