မြစ်သား မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ပြည်သူများ လျှပ်စစ်မီး သုံးစွဲရာတွင် အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ယိမ်းယိုင်နေသည့် ဓာတ်တိုင် များအားတည့်မတ်ခြင်း၊ လျော့ကျနေသည့်လျှပ်စစ် ကြိုးများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၂၀ ရက် နံနက် ၁၀ နာရီက ရပ်ကွက် ၁ ရပ်ကွက်နှင့် ကျေးရွာ ၁၉ ရွာ၌ စနစ်တကျခုတ်ထွင်ရှင်းလင်းသည်။
အဆိုပါ မြစ်သားမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်းရှိ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အား ပျောက်ဆုံမှုလျော့နည်းစေရန်အတွက် 33/11KV (20MVA)မြစ်သားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ရေဝန်းဖီဒါအား ဓာတ်အားလိုင်းတစ်လျှောက်လွတ်ကင်းမှုမရှိသည့် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် Jumper Connection များ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများအား စစ်ဆေးခဲ့ကြောင်းသိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)