ဆီဆိုင်မြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဆီဆိုင် မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၂၀၂၆ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့မဈေးနှင့် လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး၊ ကုန်စုံဆိုင်နှင့်ကားဂိတ်တို့၌ လမ်းသွားလမ်းလာကြသည့် ပြည်သူများ၊ လူငယ်လူရွယ်များအား (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။ အဆိုပါ လက်ကမ်းစာစောင်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏စွမ်းရည်သုံးရပ်၊ မိန့်ခွန်းကောက်နုတ်ချက်၊ ဆောင်းပါး၊ ကဗျာနှင့် ကာတွန်းစသည်တို့ ရေးသားဖော်ပြထားကြောင်း သိရသည်။                            

မြို့နယ်(ပြန်/ဆက်)