ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး

ကျောက်ဆည် မတ်၂၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မီးဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ရေဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များကိုဟောပြောခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းစန်းဝင်းက  မြေပြိုခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ မြေပြိုမှု ဖြစ်ပေါ်ပြီးချိန်တွင် ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ လေပြင်းဖြစ်ပေါ်နေစဉ်အတွင်းလိုက်နာရန်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် လေပြင်းတိုက်ခိုက်ပြီးနောက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။

စုစုအေး(ကျောက်ဆည်)