မော်လမြိုင်ကျွန်း မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက ဌာနဆိုင်ရာအကြီး အကဲများအား ဌာနအလိုက်ပေးအပ်ထားသည့် လုပ်ငန်းများ၊ ရည်မှန်းချက်တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆက်လက် ပုံမှန်ဆောင်ရွက်စေရေး အခက်အခဲများရှိပါက ပြန်လည်တင်ပြရန်၊ မြို့နယ်အတွင်း Clean City. Green City. Smart City ဖြစ်စေရေး လုပ်ငန်းများ၊ မြို့ဝင်/ ထွက် (၃) မိုင်ပတ်လည် သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရန်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ဆက်သွယ်ရေးကိစ္စများနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီးနောက် လိုအပ်သည်များရှိပါက ပူးပေါင်းဆောင်ရွက်ကြရန်စသည့်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက (၂၃-၃-၂၀၂၆) ရက်နေ့တွင်ကျင်းပမည့် ပါဠိပထမပြန်၊ နိကာယ်၊ ဓမ္မာစရိယ စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများ အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအပေါ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရဲကိုမောင် (ပြန်/ဆက်)