ရေတာရှည်မြို့နယ် လောကအလင်းစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲခင်းကျင်းပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲတို့ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရပ်ကွက် (၁) စာကြည့်တိုက် လောကအလင်း စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ ၁၀ နာရီအချိန်က  လွိုင်‌မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယပရိယတ္တိစာသင်တိုက်၌ နွေရာသီအ‌ခြေခံဗုဒ္ဓဘာသာယဥ်‌ကျေးမှုသင်တန်း တက်ရောက်နေသော ကျောင်းသား/ သူလေးများအား  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်စာစောင်ပြသခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်၊ ပုသိမ်ကားလမ်း၌ ယာဥ်ကြောလမ်းများ မှန်ကန်စွာမောင်းနှင်စေရန် ကွင်းဆင်းဆောင်ရွက်

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ရန်ကုန်၊ ပုသိမ်ကားလမ်း၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

မန္တလေးမြို့၌ မီးဘေးအန္တရာယ်ကာကွယ်ရေး(Talk Show) ကျင်းပ

မန္တလေးမြို့ရ မီးဘေးအန္တရာယ်ကာကွယ်ရေး(Talk Show) ကျင်းပ မန္တလေး မတ် ၂၀ ခင်စောလွင်

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ နွေရာသီ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးတို့ ပူးပေါင်း၍ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ ဂုံရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ဂုံရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့တွင် ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝပ်အင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၅၀) ဈေးတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများဆောင်ရွက်

ပူပြင်း‌ခြောက်‌သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်ကျွမ်းမှုများ မဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အမှတ် (၅၀) ရပ်ကွက်၊ ရာဇသ​င်္ကြန်လမ်း၊ အမှတ် (၅၀) ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို မတ် ၁၈ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နွေရာသီကာလ၌ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းကမြို့ပေါ်(၇) ရပ်ကွက်ရှိစျေးရပ်ကွက်လူနေအိမ်များသို့ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club)၊ (Women Club)၊ (Youth Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော “ပျော်မွေ့ဖွယ်ရာတို့တောရွာ မြန်မာ့ရိုးရာဓလေ့များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to