မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
၂၀၂၆ခုနှစ် မတ် ၂၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းခန်းမ၌ ကျင်းပသည်။