ငဖဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသဒ္ဒါသင်တန်း ဖွင့်လှစ်

ငဖဲ မတ် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာသဒ္ဒါကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍  အခြေခံအင်္ဂလိပ်စာသဒ္ဒါသင်တန်းကို မတ်လ ၁၈ ရက်နေ့ကစ၍ မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက အခြေခံအင်္ဂလိပ်စာသဒ္ဒါသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အင်္ဂလိပ်စာသဒ္ဒါသင်တန်းကို ဖွင့်လှစ်ပို့ချရာ နည်းပြဆရာမ ဒေါ်နွယ်နီလင်းက Noun in position ၊ Direct and Indirect ၊ Active Passive၊  No sonerthan စသည့်သင်ခန်းစာများကို ကျောင်းသား/သူများအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့ ငဖဲမြို့ပေါ်ရပ်ကွက်များရှိ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းကို မတ်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ၇ ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)