လှိုင်သာယာ(အနောက်) မတ် ၂၀
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့ မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက BOC မီးပွိုင့် ပန်းလှိုင်တံတားအဆင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စု - ၆၈ မှ ရဲအုပ် ဝတ်ရည်ချိုတပ်ရင်း (၈)မှ တပ်ကြပ်ကြီး ခင်မောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်စေရန်အတွက် အိုးဝေ၊ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများအား လမ်းအလယ်မှ မောင်းနှင်မှုမရှိစေရေး လမ်းယာဖက်မောင်းနှင်စေရန်နှင့် မော်တော်ယာဥ်များ သတ်မှတ်နံပါတ်ပြားများ တပ်ဆင်စေရန်၊ ပါဝါအတ်ဇောများ တပ်ဆင်မောင်းနှင်မှုမရှိစေရေးတို့အား စစ်ဆေးကာ အသိပညာပေးခြင်းများပြုလုပ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)