ရေနံချောင်း ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းမောင်(နွေဦးမွန်)နှင့် အသင်းဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကာ စာရေးဆရာလူထုစိန်ဝင်း ရေးသားသည့် “လူကြီးလူငယ် ကွာဟမှု” စာအုပ်ကို ဖတ်ရှုခဲ့ကြပြီး အဆိုပါစာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်များကို တက်ရောက်လာသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်