စလင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်

 စလင်း ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်  သနပ်ကုန်းကျေးရွာအုပ်စုတွင်  မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသော  သဘာဝဘေးအန္တရာယ်  ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို  ဆောင်ရွက်နိုင်ရန်  ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်  အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ      ကြိုတင်ပြင်ဆင်ခြင်းကြိုတင်ပြောင်းရွှေ့ခြင်းများ  ဆောင်ရွက်နိုင်ရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ကြီးကြပ်မှုဖြင့်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲဝက်များ  ပူးပေါင်း၍  ရေပြင်အသက်ကယ်ဆယ်ရေး  သရုပ်ပြလေ့ကျင့်မှုများကို  ယနေ့နံနက် (၉)နာရီအချိန်က သနပ်ကုန်းကျေးရွာရှိ  မြစ်ဆိပ်ကမ်းတွင်  လေ့ကျင့်သရုပ်ပြသခဲ့ကြောင်း သိရသည်။

ထိုသို့ သရုပ်ပြလေ့ကျင့်ရာသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးများ လိုက်ပါကြီးကြပ်၍  မြို့နယ်မီးသတ်ဦးစီးဌာနမှ  မြစ်ရေကြီးမှုဖြစ်ပွားချိန်နှင့် ရေကျပြီးအချိန် ဆောင်ရွက်ရမည့်  ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာအတွင်း လိုက်လံကြေငြာခဲ့သည့်  ဆက်လက်၍  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး  ဦးဝင်းဗိုလ်ဦးဆောင်၍  အသက်ကယ်ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သက်၍  မြို့နယ်မီးသတ်ဦးစီးဌာနမှ  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝ​င် များက ရှာဖွေကယ်ဆယ်ရေး စက်လှေ(၁)စီးဖြင့်  မြစ်ရေပြင်အတွင်း  လှေတိမ်းမှောက်ရာ၌  ရေနစ်သူအား        ရှဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို  သရုပ်ပြလေ့ကျင့်  ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအသင်းဝင်များ  မိခင်နှင့်ကလေး   စောင့်ရှောက်ရေးအသင်းဝင်များက သဘာဝဘေးအန္တရာယ်နှင့်  ပတ်သက်သည့် အသိပညာပေး  လက်ကမ်းစာစောင်များကို ကျေးရွာနေပြည်သူများအား  လိုက်လံအသိပညာပေး  ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မောင်လွင်(ပြန်/ဆက်)