ကလောမြို့နယ်၌ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆင့်ပွားသင်တန်း (၁/၂၀၂၄) ကျင်းပ

ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ ရှင်သန်ခိုင်မာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆင့်ပွားသင်တန်း (၁/၂၀၂၄) အခမ်းအနားကျင်းပပြုလုပ်လျက်ရှိရာ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ကလောမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဧကရာဇ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ပါရဂူရေးသားသည့် “သမိုင်းသင်ခန်းစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ်မကျီးတန်းရပ်ကွက်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်‌တွေ့စိုက်ပျိုးပြသ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်‌တွေ့ စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် ၈ နာရီက မကျီးတန်းရပ်ကွက် ကွင်းအမှတ် (၂၉၃)၊ ဦးပိုင်အမှတ် (၁၀/၁)ဧက(၆)ရှိ တောင်သူ ဦးပြုံးပိုင်လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် လူကုန်ကူးမှု အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် အုပ်ချုပ်ရေးမှူးဖလား U-20 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူးဖလား U-20 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to