ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှပလတ်စတစ်ကောက်ကြ

ညောင်ဦး  ဇူလိုင်  ၆

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ်ကောက်ယူရှင်းလင်းနေလျှက်ရှိရာ Bagan Plastic Campaign အဖွဲ့မှဦး ဆောင်ကာ ပလတ်စတစ်အမှိုက်များသီးသန့်ကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ဇေယျဝတီရက်ကွက်၊ ဘုရားသုံးဆူလမ်း တစ်လျှောက်လမ်းဘေးဝဲယာရှိ ပလတ်စတစ်အမှိုက် ကောက်ယူခြင်းကို သီရိမင်္ဂလာရပ်ကွက် သမီးဝှက်ဂူဘုရားပတ်ဝန်းကျင်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အဖွဲ့နှင့် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့ဦးဆောင်ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှဝန်ထမ်းများ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်အသင်းမှအသင်းသား/သူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အသင်းသား/သူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ဝန်ထမ်းများ၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦးနှင့်ဝန်ထမ်းများသည် ဇေယျဝတီရပ်ကွက် ဘုရားသုံးဆူလမ်းမကြီးဝဲယာတစ်လျှောက်ရှိ ပလတ်စတစ်အမှိုက်များ၊ လမ်းနှင့်မလွတ်ကင်းသည့် ချုံနွယ်ရှားပင်များ ရှင်းလင်းခြင်းကို သီရိမင်္ဂလာရပ်ကွက်၊ သမီးဝှက်ဂူပတ်ဝန်းကျင်တို့တွင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း