ဝေါ ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိဘ/ဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းကိစ္စများ ဆွေးနွေးပြောကြားပြီး ဆက်လက်၍ နှစ်ပတ်လည် အစီရင်ခံစာထောက်ပံ့မှုစာရင်းရှင်းတမ်းနှင့် ရှေးလုပ်ငန်းစဥ်များတင်ပြခြင်းနှင့် အတည်ပြုချက်ရယူသည်။
အမှုဆောင်အဟောင်းများ နုတ်ထွက်ခြင်းနှင့် အမှုဆောင်အသစ်များ ရွေးချယ်အတည်ပြုသည်။ ယင်းနောက် အထက်တန်းပြဆရာမ ဒေါ်စန်းစန်းမော်က နှစ်ပတ်လည်အစီရင်ခံစာ ထောက်ပံ့မှုစာရင်းရှင်းတမ်း ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးကြည်ဝင်းနှင့် ဌာနဆိုင်ရာများ အ-ထ-က(ဝေါ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးပြီး ဆရာ/ ဆရာမများနှင့် ဆုရကျောင်းသား/မိဘစုစုပေါင်း (၂၀၀ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)