ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း၏ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးစိုးနိုင်ဆွေ (နိုင်စေရ-မန်းတက္ကသိုလ်) က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအကြောင်းကို အလှည့်ကျညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် အသင်းဝင်အသစ်များဖြစ်သည့် နေနွယ် (ဆင်ရွာမြေ)၊ ဆရာမြင့်သိန်း(စက်ရိပ်) တို့အား မြန်မာနိုင်ငံစာရေးဆရာအသင်းဝင် ကပ်ပြားနှင့် ရင်ထိုးတံဆိပ် တို့အား ပေးအပ်ခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးနိုင်ဆွေ၊ ဒုတိယဥက္ကဋ္ဌ ဆရာစောနန်းမြေအောင်၊ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း၊ ဘဏ္ဏာရေးမှူးဦးရန်ရှင်းနှင့် အသင်းဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)